ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နေကြာသီးသန့် ၁၀ ဧက စံပြကွက် စိုက်ပျိုးပွဲကျင်းပ
ဓနုဖြူ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နေကြာသီးသန့် ၁၀ ဧက စံပြကွက်စိုက်ပျိုးပွဲကို ရေကြည်ကျေးရွာအုပ်စု တောင်သူဦးမြင့်သိန်း၏ လယ်မြေပေါ်တွင် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ နေကြာသီးသန့် ၁၀ ဧက စံပြကွက်စိုက်ပျိုးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများစုပေါင်း၍ (ရေဆင်းစပ်မျိုး ၁) နေကြာမျိုးအား စိုက်ဧက ၁၀ ဧက စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)

No comments