သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးမည်

 



ဘီးလင်း ဒီဇင်ဘာ ၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဘီးလင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းက အမှာစကား ပြောကြားပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမှု နှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။

သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက ဒီဇင်ဘာ ၈ ရက်မှ ၂၀ ရက်အထိ အသက် ၉ နှစ်မှ ၁၂ နှစ်အောက် ကျောင်းတွင် မထိုးနှံရသေးသည့် ကျောင်းသူများနှင့် ကျောင်းပြင်ပ မထိုးနှံရသေးသည့် မိန်းကလေးငယ်များကို ကာကွယ်ဆေးများ လိုက်လံထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.