အင်ဒိုနီးရှားနိုင်ငံ၌ ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများမှ သေဆုံးသူအရေအတွက် ၉၆၁ ဦးရှိ



ဂျကာတာ   ဒီဇင်ဘာ    

အင်ဒိုနီးရှားနိုင်ငံတွင်  ဖြစ်ပွားသည့် ရေကြီးရေလျှံခြင်းနှင့်  မြေပြိုခြင်းများမှ သေဆုံးသူအရေ အတွက် ၉၆၁ ဦးရှိလာပြီး ၂၃၉ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ရုပ်အလောင်း ၄၀ ကို ပြန်လည်တွေ့ရှိခဲ့သည်။ အာချေးပြည်နယ်တွင် ၃၈၉ ဦး၊ မြောက်ဆူမာတြား ပြည်နယ်တွင် ၃၃၈ ဦး၊ အနောက်ဆူမာတြားပြည်နယ်တွင် ၂၃၄ ဦး   သေဆုံးကြောင်း  အမျိုးသား သဘာဝဘေးစီမံခန့်ခွဲရေး   အေဂျင်စီတာဝန်ရှိသူ အဗ္ဗဒဲမိုဟာယီက ပြောသည်။

လက်ရှိအချိန်တွင် ဒေသတွင်း သဘာဝဘေးကြောင့် နေရပ်စွန့်ခွာသူ ၁၀၅၇၄၈၂  ဦးရှိလာပြီး နေရပ်စွန့်ခွာသူများအတွက်   လိုအပ်ချက်များကို ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

သဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာ အစည်းအဝေးကို  သမ္မတ  ပရာဘိုဝို ဆူဘီရန်တိုက ကျင်းပခဲ့ပြီး လိုအပ်သည်များဆောင်ရွက်ရန် တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအေဂျင်စီနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.