သီရိလင်္ကာနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်းဒစ်ဝါကြောင့် အလုပ်သမားဦးရေ ၃၇၄၀၀၀ ထိခိုက်မှုရှိ



ဒီဇင်ဘာ ၂၄

သီရိလင်္ကာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းဒစ်ဝါကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် အလုပ်သမားဦးရေ ၃၇၄၀၀၀ ထိခိုက်မှုရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)က ထုတ်ပြန်သော ကနဦးအလုပ်အကိုင်အကဲဖြတ်ချက်တွင် ဖော်ပြထားသည်။

အဆိုပါမုန်တိုင်းကြောင့် ထိခိုက်ခံရသောခရိုင်များတွင် ဝင်ငွေဆုံးရှုံးမှုများသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၄၈ သန်းခန့်အထိ ရှိနိုင်ကြောင်း ထိုအဖွဲ့အစည်းက ပြောကြားခဲ့သည်။

စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းအပါအဝင် စိုက်ပျိုးရေးနှင့် ဆက်စပ်လုပ်ငန်းများ ပြင်းထန်စွာ ထိခိုက်ခဲ့ရကြောင်းလည်း အဖွဲ့အစည်းက ဖော်ပြထားသည်။ ရေကြီးရေလျှံမှုများကြောင့် စပါးစိုက်ပျိုးမြေ ၂၃ ရာခိုင်နှုန်းအထိ ထိခိုက်ခဲ့ရပြီး နိုင်ငံ၏ ကမ္ဘာကျော် လက်ဖက်လုပ်ငန်းသည် ၃၅ ရာခိုင်နှုန်းအထိ မြင့်မားသောဆုံးရှုံးမှုများ ကြုံတွေ့ရဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

အဖွဲ့အစည်းသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် စက်ပစ္စည်းများပြုပြင်ရန်၊ လုပ်ငန်းလည်ပတ်မှုများ ပြန်လည်စတင်ရန်နှင့် အလုပ်သမားများကို ထိန်းသိမ်းရန် ထောက်ပံ့ငွေများနှင့် ထောက်ပံ့ကြေးများမှတစ်ဆင့် ပံ့ပိုးရန်လည်း တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.