လွိုင်ကော်မြို့၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

 



နေပြည်တော်   ဒီဇင်ဘာ   ၂၂

ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား ပြည်သူလူထုအခြေပြု   သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့     မြို့နယ်ခန်းမ၌ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေး

ဦးစွာ ကျန်းမာရေးဝန်ထမ်းများ၏   သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်နေမှုနှင့် မိန်းကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ အာဟာရ ဖြည့်စွက်စာများ ပေးအပ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို သက်ဆိုင်ရာ ဒေသန္တရဆေးခန်းများ၊ ရပ်ကွက်ဆေးထိုးစုရပ်များတွင်    ဒီဇင်ဘာ ၂၂ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့တွင်သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး  (HPV) လာရောက် ထိုးနှံသူ ၁၆၃ ဦးရှိကြောင်း သိရသည်။ 

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.