ကဝမြို့နယ်၌ မကူးစက်တတ်သောရောဂါများ ရှာဖွေစစ်ဆေးကုသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ကဝ ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မကူးစက်တတ်သောရောဂါများ
ရှာဖွေစစ်ဆေးကုသပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၅ ရက်
နံနက်ပိုင်းက နိဗ္ဗာန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းက ဦးဆောင်၍ ကျေးလက်ကျန်းမာရေးဌာနမှ
ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက နိဗ္ဗာန်ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၄၀ နှစ်အထက်
ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုတိုင်းခြင်း၊ မကူးစက်သော
သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါများဖြစ်ပွားသော
ကျေးလက်နေပြည်သူများအား အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးနှင့်
ညီညွတ်သော အပြုအမူ၊ အနေအထိုင်၊ အစားအသောက်များ စားသောက်တတ်စေရန် ကျန်းမာရေးပညာပေး ပိုစတာများအသုံးပြု၍
ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း၊ သင့်တင့်လျောက်ပတ်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ
သရုပ်ပြသင်ကြားပေးခြင်းနှင့် ဆေးကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)

No comments