အုတ်တွင်းမြို့နယ်၌ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးမှု ကွင်းဆင်းစစ်ဆေး

 



အုတ်တွင်း ဇန်နဝါရီ  ၂၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ တောင်ငူ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်သူများအား စားအုန်းဆီ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူး ရောင်းချပေးမှု ရှိ/ မရှိကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများက  မြေပြင်ကွင်းဆင်း စစ်ဆေးသည်။

အုတ်တွင်းမြို့နယ်  အနေဖြင့် နေ့စဉ်စားအုန်းဆီ ၁၉ ပီပါ၊ တစ်လလျှင် ပီပါ ၄၉၀ ဖြင့် လစဉ် စားအုန်းဆီ  ပိဿာချိန်ပေါင်း ၅၃၉၀၀ ခွဲတမ်းရရှိပြီး အဆိုပါ ဆီများကို ပြည်သူများထံ သက်သာ သောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးရာ စျေးနှုန်းကြီးမြှင့်မှု မရှိစေရေး၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိနှင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချစေရေးအတွက် တောင်ငူ ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်စန္ဒာဌေး၊  မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာ  ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်ငူခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းများအသင်းမှ တာဝန်ရှိသူများက မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း တောင်ငူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

No comments

Powered by Blogger.