မိုင်းရှူးမြို့၌ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းစည်းဝေး
မိုင်းရှူး ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း)မိုင်းရှူးမြို့နယ်တွင်
ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
ဦးစွာ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက
ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများ၊ လက်ရှိလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများနှင့်
ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးပြည့်ဖြိုးအောင်၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး၊ အမျိုးသမီးရေးရာအဖွဲ့၊
မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၊ Relief International အဖွဲ့ဝင်နှင့်
တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း
သိရသည်။
သန်းလူ(ပြန်/ဆက်)

No comments