ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များ၌ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးနေမှုများကို ကွင်းဆင်းကြည့်ရှုအားပေး

 


ရန်ကုန် ဇန်နဝါရီ ၂၅

 

ရန်ကုန်တိုင်းဒေသကြီဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) တွင်ပါဝင်သည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ စနစ်တကျဆန္ဒမဲပေးနေမှုများကို ကွင်းဆင်းကြည့်ရှုအားပေးသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒဂုံမြို့နယ် ပြည်လမ်း(အရှေ့) ရပ်ကွက်၊ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်၊ မဲရုံအမှတ် (၂)၊ လမ်းမတော်မြို့နယ် အမှတ်(၈)ရပ်ကွက်၊ ဒဂုံမြို့နယ် ပြည်လမ်း (အနောက်)ရပ်ကွက်၊ စမ်းချောင်းမြို့နယ် လင်းလွန်း (တောင်) ရပ်ကွက်၊ စမ်းချောင်းမြို့နယ် ကျွန်းတော (အလယ်)ရပ်ကွက်။

 

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ မြို့သစ်ရပ်ကွက်၊ ဒဂုံမြို့သစ်( အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၄)ရပ်ကွက်၊ သာကေတမြို့နယ် (၇/အနောက်)ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက်၊ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်၊ ရန်ကင်းမြို့နယ် အမှတ် (၈)ရပ်ကွက်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ခနောင်တို အရှေ့ရပ်ကွက်၊ ဒလမြို့နယ် တာကြီးရပ်ကွက်၊ ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၊ သုံးခွမြို့နယ် ကံမြင့်ကျေးရွာအုပ်စု၊ သုံးခွမြို့နယ် အမှတ် (၅)ရပ်ကွက်၊ သုံးခွမြို့နယ် ပတုပ်ကျေးရွာအုပ်စုရှိ သတ်မှတ်မဲရုံတို့တွင် တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူများအား ကြို/ပို့ယာဉ်များဖြင့် ဆောင်ရွက်ပေးနေမှုများနှင့် မဲဆန္ဒရှင်ပြည်သူများလွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

No comments

Powered by Blogger.