ဘားအံတက္ကသိုလ်တွင် မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး

 


ဘားအံ ဇန်နဝါရီ ၈

 

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျောင်းသား ကျောင်းသူလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အသိပညာပေးဟော‌ပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဘားအံမြို့ အမှတ်(၃၁)မူးယစ်တပ်စုမှ ရဲမှူး မင်းထွဋ်က မူးယစ်ဆေးဝါး၊ စိတ်ပြောင်းဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများဆိုင်ရာ သိကောင်းစရာများ၊ အမှတ်(၈) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ဒုရဲမှူးသိန်းဇော်မြင့်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာသိကောင်းစရာများ၊ လန်ချန်း-မဲခေါင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟိုဌာနအစီရင်ခံစာပါ အလုပ်အကိုင်ကြော်ငြာစာတုများနှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သော လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့ကို ဟောပြောခဲ့ကြကြောင်း သိရသည်။

စိုးစိုးအေး(ပြန်/ဆက်)

No comments

Powered by Blogger.