မကွေးမြို့သမဝါယမသင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများ လက်တွေ့ကွင်းဆင်းဆောင်ရွက်
မကွေး ဇန်နဝါရီ ၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ သမဝါယမအသင်းတွင်
ပထမနှစ် ၇၂ ဦး၊ ဒုတိယနှစ် ၃၀ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၀၂ ဦးဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ
သင်တန်းသား သင်တန်းသူများအား အဖွဲ့ငါးဖွဲ့ခွဲ၍ ဒီဇင်ဘာ ၃၁ ရက်က ကျောင်းအုပ်ကြီး၊ ကြီးကြပ်နည်းပြဆရာ
ဆရာမများနှင့် ဒုတိယနှစ် သင်တန်းသား သင်တန်းသူ ၃၀ တို့က အောင်လံမြို့နယ် သမဝါယမအသင်းစု၏
ဆီစက်လုပ်ငန်းကို လက်တွေ့ကွင်းဆင်းလေ့လာကြသည်။
ထိုသို့ ကွင်းဆင်းလေ့လာရာတွင် သင်တန်းသား
သင်တန်းသူများက အသင်းစု၏ စာရင်းဇယားများကို လက်တွေ့ရေးဆွဲခြင်း ဆောင်ရွက်ခဲ့ပြီး အောင်လံမြို့နယ်
ဒုရင်္ဂဗိုလ်ကျေးရွာရှိ အောင်လံသားစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းစု စပါးကြိတ်ခွဲ
သန့်စင်စက်သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။
ကွင်းဆင်းဆောင်ရွက်
ထို့နောက် သင်တန်းသားများ လက်တွေ့ကွင်းဆင်းဆောင်ရွက်မှု
အတွေ့အကြုံ ရှင်းလင်းပွဲနှင့် မိတ်ဆုံညစာစားပွဲကို ဇန်နဝါရီ ၂ ရက်က မကွေးမြို့ သမဝါယမ
သင်တန်းကျောင်း၌ ပြုလုပ်ရာ သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဇော်ထွန်းက အမှာစကားပြောကြားပြီး
ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာထွန်းက လက်တွေ့ကွင်းဆင်းမှု လုပ်ငန်းများနှင့်ပတ်သက်၍
ရှင်းလင်းပြောကြားကာ သွားရောက် လေ့လာခဲ့သည့်အဖွဲ့ ကိုယ်စားပြု သင်တန်းသားတစ်ဦးက မိမိတို့
လက်တွေ့ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments