ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ရွေးကောက်ပွဲ အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

 



ရန်ကုန် ဇန်နဝါရီ ၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ သတ်မှတ်နေရာများ၌ ဆောင်ရွက်သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးအောင်စောဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် ဒေါပုံမြို့နယ် ဒေါပုံဈေးရှေ့၌ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ YBS မော်တော်ယာဉ်များ၊ ပြည်သူများ၊ ဈေးအတွင်းရှိ ဈေးရောင်းနေသူများနှင့်  ဈေးဝယ်လာပြည်သူများအား “ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များ  ဖြန့်ဝေကာ ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ထို့နောက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းရှိ မဲရုံ(၁) နှင့် (၂) ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ပုဇွန်တောင်မြို့နယ် ပုဇွန်တောင် ဈေးရှေ့တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ YBS မော်တော်ယာဉ်များ၊ ပြည်သူများ၊ ပုဇွန်တောင်ဈေးအတွင်း ဈေးရောင်းနေသူများနှင့် ဈေးဝယ်လာပြည်သူများ၊ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးရှေ့တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ YBS မော်တော်ယာဉ်များ၊ ပြည်သူများ၊ နန္ဒဝန်ဈေးအတွင်း ဈေးရောင်းနေသူများနှင့် ဈေးဝယ်လာပြည်သူများအား “ဒို့အတူ မဲပေး ကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေကြကာ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ဇွဲထက်ကို(ပြန်/ဆက်)

No comments

Powered by Blogger.