ပေါက်ခေါင်းမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်း ဖွင့်လှစ်
ပေါက်ခေါင်း ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အထက (ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ဖွင့်လှစ်သည်။
ဦးစွာ ပြည်ခရိုင် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က မဲရုံမှူးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးဝေနော်က မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန် ထမ်းဆောင်ကြ မည့် ဆရာ ဆရာမများအား မဲရုံများတွင် မဲစာရင်းများ မှန်ကန်စေရေးနှင့် လုံခြုံမှုရှိစေရေးကိစ္စများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ပထမအကြိမ်မဲပေးမှုမှ အတွေ့အကြုံများကို တက်ရောက်လာကြသော ဆရာ ဆရာမများအား ပြန်လည်မျှဝေခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ အရာရှိက ရွေးကောက်ပွဲတွင် မဲရုံမှူးတာဝန် ထမ်းဆောင်ကြမည့် ဆရာ ဆရာမ ၁၂၀ အား မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်း တာဝန်များကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)

No comments