ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်း အိမ်မဲမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးနေမှု ကြည့်ရှု

 



အိမ်မဲ ဇန်နဝါရီ ၈

ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများအနေဖြင့် ဇန်နဝါရီ ၁ ရက်မှ ၁၀ ရက်အထိ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်း ဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်း နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် အိမ်မဲမြို့နယ် ချောင်းဝ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံး၊ အထက်ပိုင်းရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးနှင့် စာချွန်ခံရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင် ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနေမှုကို လှည့်လည်ကြည့်ရှုသည်။

အိမ်မဲမြို့နယ်တွင် ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် တာဝန်ရှိသူများက စီမံ ဆောင်ရွက်ထားရှိပြီး မဲစာရင်း တွင်ပါရှိသည့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်းနှင့် အိမ်မဲမြို့နယ်၌ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ မဲဆန္ဒရှင်ပြည်သူ ၁၀၃၁ ဦး ကြိုတင်ဆန္ဒမဲများပေးပြီး ဖြစ်ကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ 

ချစ်သက်လယ်

No comments

Powered by Blogger.