ကျွန်းစုမြို့နယ်၌ မဲရုံဖွင့်လှစ်မည့် အဆောက်အအုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
ကျွန်းစု ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင်
မဲရုံဖွင့်လှစ်မည့် အဆောက်အအုံများအား မီးဘေးလုံခြုံရေးအတွက် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက
မဲရုံအဖြစ်ဖွင့်လှစ်မည့် ကျွန်းစုမြို့ မိုးလုံလေလုံအားကစားခန်းမ၌ စစ်ဆေးဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး
ဦးတင်ထွန်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးဘေးလုံခြုံရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ
အသိပညာပေးပြောကြားပြီး လျှပ်စစ်ပစ္စည်းများ အသုံးပြုနေမှုများနှင့် ရေစည်/ရေကန်များအား
စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)

No comments