တနင်္သာရီမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
တနင်္သာရီ ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌
ရွေးကောက်ပွဲ အပိုင်း(၂)တွင် ကျင်းပမည့် မဲရုံများအား မီးဘေးအန္တရာယ်လုံခြုံရေးအတွက်
ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန
ဦးစီးအရာရှိ ဦးဇင်ဦးချိုနှင့် တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မဲရုံပြုလုပ်မည့်
စာသင်ကျောင်းများ၌ လျှပ်စစ်ဝိုင်ယာကြိုး သွယ်တန်းထားရှိမှုအခြေအနေများ၊ မဲရုံအတွင်းခန်းများ
အလင်းရောင်ကောင်းစွာ ရရှိမှုအခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် မီးသတ်ဆေးဘူးများထားရှိခြင်း
ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီသီခိုင်(ပြန်/ဆက်)

No comments