အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်း ကျင်းပ

 


ရန်ကုန် ဇန်နဝါရီ ၁၅

 

အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ဇန်နဝါရီ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာစက်မှုဇုန်(၂+၃+၄) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး ကနောင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အမှာစကားပြောကြားပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေများနှင့် နည်းဥပဒေများနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မမလေးက အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေများနှင့် နည်းဥပဒေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးခင်ဝင်းမောင်က လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များ၊ ထည့်ဝင်ကြေးနှုန်းထားများ၊ ငွေကြေးအကျိုးခံစားခွင့်များကို ရှင်းလင်းခဲ့ပြီး အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ကေသွယ်က စည်းကြပ်သော ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေများ၊ အငြင်းပွားမှုဖြေရှင်းခြင်းနည်းလမ်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)

No comments

Powered by Blogger.