မကွေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
မကွေး ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ
ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၃၀၀ အသုံးပြု၍ မြို့ရှောင်လမ်းမှ အလယ်ချောင်း-သဖန်းဆိပ်လမ်း
ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)
ဦးစိုးမင်းထွန်းတို့က ဇန်နဝါရီ ၁၄ ရက်က ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
မကွေးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)တို့က
လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြပြီး
တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါရေကျော်ကို ၂၀၂၅ခုနှစ် နိုဝင်ဘာ
၉ ရက်မှစတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီး
ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments