ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဟုမ္မလင်းတပ်နယ် နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ

 



နေပြည်တော်   ဇန်နဝါရီ  ၁၄

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ တပ်နယ်ခန်းမ၌ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ    ဒုတိယဗိုလ်ချုပ်ကြီး   နီလင်းအောင်၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးက တပ်တွင်းစည်းလုံးညီညွတ်ရေးသည် အရေးကြီးပြီး ပိုမိုကျစ်လျစ်ခိုင်မာ အောင်လုပ်ဆောင်ရန်၊ မိသားစုဝင်များ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြရန်၊ ရှိပြီးသား စည်းလုံးညီညွတ်မှုကို အခြေခံပြီး     ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ    လက်တွဲတာဝန်ထမ်းဆောင်ကြရန်၊ တပ်တွင်းရှိ အရာရှိ၊ အရာခံ အကြပ်စစ်သည်များ ညီအစ်ကိုစိတ်ဓာတ်ရှိရန်၊ ရဲမေများ ညီအစ်မ စိတ်ဓာတ်ထားရှိရန်၊  တပ်ရင်းတစ်ခုလုံး  မောင်နှမစိတ်ဓာတ်ရှိကြရန်၊ တစ်ဦးချင်းစွမ်းရည်မြှင့်တင်ရေး၊ တပ်ဖွဲ့လိုက် စွမ်းရည် မြှင့်တင်ရေးတို့အတွက် အမြဲလေ့ကျင့်နေရန်၊ တပ်တိုင်း၊ ရဲဘော်တိုင်း ရှိရမည့် အရည်အချင်း ငါးပါးကို သိရှိနားလည်ပြီး ကျင့်ကြံလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဟုမ္မလင်း တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည်   တက်ရောက်လာကြသည့်   အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။           

သတင်းစဉ်

No comments

Powered by Blogger.