ဝေါမြို့နယ်၌ နွေစပါးစိုက်ပျိုးပွဲ ကျင်းပ
ဝေါ ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင်
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မြို့နယ်သမဝါယမအသင်းစုလီမိတက်ပိုင်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဧကရာဇ်ကျေးရွာတွင် ဧကရာဇ်စိုက်ပျိုးရေးနှင့်
အထွေထွေသမဝါယမအသင်း လီမိတက်၏ အသင်းသားဖြစ်သည့် ဦးကျင်သန်းပိုင်ဆိုင်သော လယ်မြေ ၁၂ ဧကအတွင်း
နွေစပါးစိုက်ပျိုးခြင်းကို ရေဆင်းပေါ်ဆန်းနှစ်မျိုးစပါးသုံးဧကနှင့် ရက် ၉၀ မျိုးစပါး
ကိုးဧကတို့ကို အစေ့ချစိုက်ပျိုးသည်။
အဆိုပါ နွေစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့
မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး၊
မွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်မှ အမှုဆောင်များနှင့်
အနီးပတ်ဝန်းကျင်ကျေးရွာများမှ နွေစပါးစိုက်တောင်သူများ တက်ရောက်ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments