မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 


နေပြည်တော် ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E.Mr. Tariq Karim အား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်ရန်အတွက် လိုအပ်သော ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် နိုင်ငံခြားငွေလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်



No comments

Powered by Blogger.