ရန်ကုန်မြို့ရှိ စားသုံးဆီများ တင်သွင်းသိုလှောင်ထားရှိမှုနှင့် ဖြန့်ဖြူးနေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 



ရန်ကုန် ဇန်နဝါရီ ၂၁

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးများနှင့် အဖွဲ့ဝင်များ၊ စားသုံးဆီအရည်အသွေး စစ်ဆေးကြပ်မတ်ရေးအဖွဲ့ (MITS)မှ တာဝန်ရှိသူများသည် ရန်ကုန်မြို့တွင်းရှိ ဆီသိုလှောင်ကန်များနှင့် သီလဝါစက်မှုဇုန်ရှိ ဆီသိုလှောင်ကန်များသို့ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးဆီကန် ကြီးကြပ်ရေး လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဌေးမိုးနှင့် အထွေထွေ အတွင်းရေးမှူး ဦးဇော်ကိုကို၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ၊ စားသုံးဆီ အရည်အသွေး စစ်ဆေးကြပ်မတ်ရေးအဖွဲ့ (MITS) မှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်များက ဆီများ သိုလှောင်ထားရှိမှု အခြေအနေ၊ ဆီများ တင်ဆောင်လာသော နိုင်ငံခြားသင်္ဘောကြီးများမှ ဆီသိုလှောင်ကန်များ အတွင်းသို့ သိုလှောင်ထည့်သွင်းနေမှု အခြေအနေများ၊ စားသုံးဆီအရည် အသွေး၊ စားသုံးဆီတင်သွင်း တန်ချိန်များ မှန်ကန်မှု ရှိ/ မရှိနှင့် ဆီကန်များမှ ဆီများ စနစ်တကျ ဖြန့်ဖြူးနေမှုများနှင့် ဝိတ်ချိန်များ လျော့နည်းမှု မရှိစေရေးတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်

No comments

Powered by Blogger.