ငါန်းဇွန်မြို့နယ်၌ မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
ငါန်းဇွန် ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပသွားမည်ဖြစ်ရာ မဲရုံထားရှိမည့်
အဆောက်အအုံများနှင့် မဲရုံပတ်ဝန်းကျင်နေရာများ သန့်ရှင်းရေးနှင့် မီးဘေးလုံခြုံရေးတို့ကို
ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
အပိုင်း (၃)ကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလများတွင်
မီးလန့်မှု မီးလောင်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ဇာလင်းနှင့်အဖွဲ့ဝင်များ၊
မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ
မဲရုံထားရှိမည့် အဆောက်အအုံများ သန့်ရှင်းမှုရှိစေရေး လှည့်လည်စစ်ဆေး၍ သဲ၊ ရေ၊ လှေကား၊
မီးချိတ်/မီးကပ်နှင့် မီးသတ်ဆေးဘူးများ အသင့်ထားရှိရေးတို့ကို မီးသတ်ဦးစီးဌာနက အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း
သိရသည်။
ငါန်းဇွန်(မီးသတ်)

No comments