တောင်ငူမြို့နယ်၌ စားအုန်းဆီရောင်းချနေမှုများကို သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ မှန်ကန်မှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေး

 



တောင်ငူ ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌတို့ ပူးပေါင်း၍ တောင်ငူမြို့ပေါ်ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက စားအုန်းဆီ ရောင်းချနေမှုများကို သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ မှန်ကန်မှု ရှိ၊ မရှိ လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကေတုမတီမြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းလတ်နှင့် အဖွဲ့က ပြည်သူများအား စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ မှန်ကန်မှု ရှိ၊ မရှိ မြို့ပေါ်ရပ်ကွက်များရှိ လက်ကား/ လက်လီကိုယ်စားလှယ် အရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို(တောင်ငူ)



No comments

Powered by Blogger.