မိုးညိုမြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်
မိုးညို ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်
စက်မှုလယ်ယာဦးစီးဌာန အမှတ်(၇၆)စက်မှုလယ်ယာစခန်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု
အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က အမှာစကားပြောကြားပြီး သာယာဝတီခရိုင်စက်မှုလယ်ယာ
ဦးစီးဌာနမှူး ဦးဇော်မြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ သင်တန်းပို့ချမည့်အစီအစဉ်နှင့်
သင်တန်းတက်ရောက်ရခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက
သင်တန်းသားများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား ၂၅ ဦး
တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလကို နှစ်ပတ်ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း
သိရသည်။
ကိုမင်း(ပြန်/ဆက်)

No comments