ရေကြည်မြို့နယ်၌ ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်းသစ် ဖွင့်လှစ်
ရေကြည် ဇန်နဝါရီ ၂၁
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ် အသုတ်မြို့ အောင်ဇေယျလမ်း ကွန်ကရစ်လမ်းသစ်နှင့် ဘုန်းကြီးလမ်း ကတ္တရာလမ်းသစ်တို့ကို ယနေ့နံနက် ၉ နာရီ က တက်ရောက်ဖွင့်လှစ်ပေးသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ လမ်းအလှူရှင် ဦးထွန်းနိုင်ဝင်းတို့က လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ လမ်းအလှူ ရှင်မိသားစုက ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်ကာ လမ်းအား လှည့်လည်ကြည့်ရှု ကြသည်။
ကွန်ကရစ်လမ်းသစ်ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အလျား ၅၈၅ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ခြောက်လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီး ကျန်ရှိသော အလျားပေ ၆၄၀ အတွက် မြတ်မေတ္တာမွန် စက်သုံးဆီ ရောင်းဝယ်ရေးမိသားစုက ငွေကျပ် ၂၅ ဒသမ ၃၂၀ သန်း လှူဒါန်းသည်။ ထို့ပြင် ဘုန်းကြီး လမ်းကတ္တရာထပ်ပိုးလွှာလုပ်ငန်း အလျား ၂၁၉၄ ပေ၊ အနံ ၁၃ ပေ၊ အမြင့် ခြောက်လက်မနှင့် ၎င်းလမ်းပေါ်ရှိ Box Culvert နှစ်စင်းကိုလည်း အဆိုပါ အလှူရှင် မိသားစုက ငွေကျပ် သန်း ၂၉၀ ဖြင့် ထပ်မံလှူဒါန်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments