မင်းလှမြို့၌ စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
မင်းလှ ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်
ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုများ လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား
စားအုန်းဆီများသက်သာသော ဈေးနူန်းဖြင့် လစဉ်ရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်း/ခရိုင်/မြို့နယ်ဆီလုပ်ငန်းများအသင်းနှင့်
ဆီကိုယ်စားလှယ်များအသင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့က
မင်းလှမြို့နယ်တွင် ဆီဖြန့်ဖြူးသည့် Wilmar ကုမ္ပဏီနှင့် Golden Plam ကုမ္ပဏီတို့ပူးပေါင်း၍
အခမဲ့ဆေးကုသမှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီ တစ်ပိဿာလျှင်
ငွေကျပ် ၆၈၁၀ ဖြင့် ရောင်းချပေးခြင်းကို ကြည့်ရှုခဲ့၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်(ပြန်/ဆက်)

No comments