မကွေးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေးဟောပြော
မကွေး ဇန်နဝါရီ ၂၁
မကွေးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်
အသိပညာပေးဟောပြောခြင်းကို မကွေးမြို့ ကန်ပြားကျေးရွာရှိ အထက (ကန်ပြား)တွင် ဇန်နဝါရီ
၁၉ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူဦးဆောင်၍
မီးသတ်တပ်ဖွဲ့ဝင်များက မကွေးမြို့အထက(ကန်ပြား)ရှိ ဆရာ ဆရာမ ၂၈ ဦး၊ ကျောင်းသား ကျောင်းသူ
၂၀၀ တို့အား စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးကို
စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန် ရှင်းလင်းပြောကြားခြင်းနှင့် တောမီးရှို့ခြင်း၊
တောင်ယာမီးရှို့ခြင်း မပြုလုပ်စေရေးနှင့် မီးခိုးမြူငွေ့အန္တရာယ် ကင်းဝေးစေရေး အသိပညာပေးခြင်းလုပ်ငန်းများ
ဆောင်ရွက်ခဲ့သည်။
မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအတွက်
မီးသတိမူရေးနှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို
အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)

No comments