ပန်းတောင်းမြို့နယ်၌ ဆောင်းမြေပဲစိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှု
ပဲခူး ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်အတွင်း
သမဝါယမကဏ္ဍမှ လူမှုစီးပွားဘဝမြှင့်တင်ရေး သက်တန့်ရောင်စီမံကိန်းဖြင့် ဆောင်ရွက်သော
အကယ်ဒမီ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ၁၅ ဦး၏ ဧက
၆၀ စိုက်ခင်းပေါ်တွင် ဆောင်းဆီထွက်သီးနှံ(မြေပဲ) ဆင်းပဒေသာ (၁၁) ဗီယက်နမ်မျိုး စိုက်ပျိုးနေမှုကို
ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့်
တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments