မအူပင်မြို့နယ် ဝဲဒေါင့်ကျေးရွာ တွင်းနက်ဆက်စပ်လုပ်ငန်းဖွင့်
မအူပင် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင်
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဝဲဒေါင့်ကျေးရွာ တွင်းနက်ဆက်စပ်လုပ်ငန်းများဖြစ်သည့်
အုတ်ရေကန်၊ ရေစက်ရုံ၊ ခြံစည်းရိုး၊ Motor & Compressor တပ်ဆင်ခြင်းလုပ်ငန်းဖွင့်ပွဲကို
ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက အလန်းကျေးရွာအုပ်စု ဝဲဒေါင့်ကျေးရွာတွင် ပြုလုပ်သည်။
ဦးစွာ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီး (လက်ထောက်ညွှန်ကြားရေးမှူး) က ဝဲဒေါင့်ကျေးရွာ တွင်းနက်ဆက်စပ်လုပ်ငန်းများ
ဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းပြောကြားပြီး တွင်းနက်ဆက်စပ်လုပ်ငန်းဖွင့်ပွဲကို
မအူပင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များက
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါ တွင်းနက်ဆက်စပ်လုပ်ငန်း ဆောင်ရွက်ပေးခြင်းအားဖြင့်
ကျေးရွာရှိ အိမ်ခြေ ၉၇ အိမ်၊ လူဦးရေ ၃၉၀ တို့အား အကျိုးပြုပေးလျက်ရှိကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)

No comments