တိုက်ကြီးမြို့နယ်၌ ထူးချွန်စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

 


တိုက်ကြီး ဇန်နဝါရီ ၁၂

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူး၍ တိုင်းရင်းသား ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထူးချွန်စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ရှမ်းဂုံညှင်းတန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက အမှာစကား ပြောကြားပြီး တိုက်ကြီးမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။

 

ဆုများချီးမြှင့်

ဆက်လက်၍ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ကျောင်းသား ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.