ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်
ယနေ့နံနက်ပိုင်းက ပဲခူးမြို့လယ်ရှိ ပဲခူးမြစ်ကူးတံတား လှပတင့်တယ်စေရေးနှင့် ကမ်းပြိုမှုကာကွယ်နိုင်ရေးအတွက်
Bored Pile အခြေပြု ကျောက်၊ ကွန်ကရစ်မြေထိန်းနံရံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး
စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်နှင့် ပဲခူးမြစ်ရေစီးရေလာ
ကောင်းမွန်ရေး မြစ်ကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
ပဲခူးမြို့ ဥဿာမြို့သစ်ရှိ သမိန်ဗရမ်းလမ်းအား ပေ ၄၀ အကျယ် မြေသားတာပေါင်ပြုလုပ်ခြင်း၊
၂၆ ပေ အကျယ် ကျောက်ခင်းခြင်း၊ ၂၄ ပေအကျယ် ကွန်ကရစ် ခင်းခြင်းနှင့် ပေ ၆၀ အကျယ် ကွန်ကရစ်ရေထုတ်ပြွန်
တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပဲခူးမြို့ ကျိုက်ပညာယျစေတီတော်အနီး၌
(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပမည့်နေရာ၌ တောင်သူလယ်သမားများအတွက်
စားဖိုဆောင်စိုက်ခင်းနှင့် သီးနှံမျိုးစုံစိုက်ခင်းများ သရုပ်ပြဆောင်ရွက်နေမှု၊ သီးနှံပြခန်းများ၊
စိုက်ပျိုးရေးနှင့် မွေးမြူရေးပြခန်းများ၊ MSMEs ပြခန်း တည်ဆောက်မည့်နေရာများကို လည်းကောင်း
ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments