မအူပင်မြို့၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေး

 



မအူပင်      ဇန်နဝါရီ      ၂၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌     ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၅)ရပ်ကွက် မြို့နယ်ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာ) ဒေါက်တာသန်းနိုင်စိုးက ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများ၊ မအူပင်ခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က ကျေးလက်ဒေသများ၌ ကာကွယ်ဆေးထိုးခြင်း အောင်မြင်မှု ရာခိုင်နှုန်းများနှင့် ကာကွယ် ဆေးရရှိမှု အခြေအနေများကို ပြောကြားပြီး မအူပင်ခရိုင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်က ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။                                       


အောင်မြင့်မြတ် (ပြန်/ဆက်)

No comments

Powered by Blogger.