ကျောက်ပန်းတောင်းမြို့၌ ဈေးများ မီးဘေးလုံခြုံရေး အသိပညာပေး

 


ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၈

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဈေးများ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက တမ္ပဝတီရပ်ကွက်ရှိ တမ္ပဝတီဈေးသစ်နှင့် ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးတို့၌ ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းများ၊ မီးလောင်မှုအတန်းအစားခြောက်မျိုးနှင့် ဖြစ်ပွားမှုအများဆုံး မီးလောင်မှုများ၊ အရေးပေါ် မီးငြှိမ်းသတ်နည်းများနှင့် မီးသတ်ဆေးဘူးအသုံးပြု မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် မီးလောင်မှုဖြစ်ပွားရာတွင် မီးသတ်ဆေးဘူးဖြင့် အရေးပေါ်မီးငြှိမ်းသတ်နည်းကို မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြသကြပြီး၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ ဈေးကော်မတီများ၊ ဈေးသူ/ဈေးသားများ ပူးပေါင်းပါဝင်၍ မီးသတ်ဆေးဘူး အသုံးပြုမီးငြှိမ်းသတ်နည်းများကို လက်တွေ့ဆောင်ရွက်ကြသည်။

နေအောင်(ပြန်/ဆက်)

No comments

Powered by Blogger.