လွိုင်လင်မြို့၌ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးပေး
လွိုင်လင် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး ဇီဝကခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်သာသနာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ခရိုင်အတွင်းရှိ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ၏ ကျန်းမာရေးအခြေအနေများကို မေတ္တာဖြင့် စမ်းသပ်ကြည့်ရှုခဲ့ပြီး လိုအပ်သော ကုသမှုများကို ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် လွိုင်လင်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်သူ ဦးဆောင်၍ သက်ဆိုင်ရာ ရောဂါအလိုက် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုဆရာမများနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် လိုအပ်သော ဆေးဝါးများအား လှူဒါန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)

No comments