ပင်လုံတက္ကသိုလ်၌ အကြမ်းဖက်မှုကြိုတင်ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

 


ပင်လုံ ဇန်နဝါရီ ၂၈

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ပင်လုံတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် အကြမ်းဖက်မှု ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာများ၏ အခြေခံသဘောတရားများနှင့်ဆက်စပ်နေသော ဥပဒေများကို သိရှိနားလည်စေရန် ဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘက်စုံခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပါမောက္ခချုပ်ဒေါက်တာ နီလာမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ခင်မျိုးသန့်က လုံခြုံသောဘဝအတွက် အကြမ်းဖက်မှုကြိုတင် ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေး အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.