ပင်လောင်းမြို့နယ်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး အသိပေးဆွေးနွေး

 



ပင်လောင်း ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် ဒေသများတွင် ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပြီး လက်ရှိဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေး ထိုးနှံပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကေသီခိုင်ကကာကွယ်ဆေးထိုးနှံရာတွင် အသုံးပြုသည့် ဆေးထိုးအပ်၊ ဆေးပုလင်းစသည့်် ဆေးပစ္စည်းများအကြောင်းနှင့် အသုံးပြုပြီး ဆေးထိုးအပ်၊ ဆေးပုလင်း ပစ္စည်းများ စွန့်ပစ်မှုအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။       

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.