ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံမှာကြား
ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို
ယနေ့နံနက်ပိုင်းက ဆုတောင်းပြည့် မယ်လမုစေတီ သုံးထပ်ဆောင်၌ ပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ရွေးကောက်ပွဲကျင်းပမည့် မဲရုံများတွင်
ကြိုတင်ပြင်ဆင်ထားရမည့် အခြေအနေများ၊ မဲပေးရာတွင် စနစ်တကျ မြန်ဆန်မှန်ကန်မှုရှိစေရေး
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မဲပေးစက်များ စနစ်တကျ ကိုင်တွယ်ရမည့်အခြေအနေများ၊
ရွေးကောက်ပွဲ ကျင်းပရက်တွင် မဲရုံမဖွင့်မီ ကြိုတင်ဆောင်ရွက်ရမည့်အချက်များနှင့် မဲရုံပိတ်ပြီးနောက်
ဆောင်ရွက်ရမည့် အခြေအနေများ၊ ကြိုတင်မဲများပေးခြင်းနှင့် ရေတွက်ရာတွင် ဆောင်ရွက်ရမည့်
အခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးကျော်သက်ခိုင်၊ အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မျိုးအောင်နှင့်
အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က ရွေးကောက်ပွဲ
အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက် ရမည့်အချက်များ၊ ကျင်းပမည့်နေ့ရက်၊
ကျင်းပပြီးကာလများတွင် ဆောင်ရွက်ရန်အချက်များကို ကဏ္ဍအလိုက် အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးသူက ရွေးကောက်ပွဲ
အပိုင်း(၃) ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာ
တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)

No comments