မရမ်းကုန်းမြို့နယ်၌ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ
မရမ်းကုန်း ဇန်နဝါရီ ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
လူမှုဝန်ထမ်းဦးစီးဌာနနှင့် Excellent Myanmar Advisory Group (Alpha) Company
Limited တို့ပူးပေါင်း၍ အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ရည်ရွယ်ဦးတည်ဖွင့်လှစ်သည့်
သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲကို မရမ်းကုန်းမြို့နယ် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း၌
ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါက်တာ သက်သက်ဇင်နှင့် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က အမှာစကားပြောကြားခဲ့ပြီး
E.M.A.G (Alpha) Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာဘုန်းမြင့်က သင်တန်းနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြသည်။
ထို့နောက် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့
ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်
E.M.A.G(Alpha) Co.,Ltd. မန်းနေဂျင်းဒါရိုက်တာတို့က ငွေကျပ်သိန်း ၅၀စီ လှူဒါန်းခဲ့ပြီး
အဆိုပါ သင်တန်းကို ရက်သတ္တပတ် ကိုးပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)

No comments