ဒက္ခိဏသီရိမြို့နယ်၌ မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရသော ဒေသခံပြည်သူများအား ဝင်ငွေတိုးစီမံကိန်းဖြင့် နည်းပညာပေးသင်တန်းဖွင့်
နေပြည်တော် ဇန်နဝါရီ ၁၃
ပြည်ထောင်စုနယ်မြေနေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ
နေပြည်တော်ကောင်စီ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း
ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်းနှင့် ရေခဲမုန့်နှင့် ဖျော်ရည်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ
အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရှိ
Incu- bation Center ၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်
ဦးမင်းဦးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက
နေပြည်တော်ကောင်စီဘတ်ဂျက်ဖြင့် မန္တလေးငလျင်ကြီးဒဏ် ခံစားခဲ့ရသည့် ဒေသခံပြည်သူများနှင့်
ဝန်ထမ်းမိသားစုများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် ဝင်ငွေတိုးစီမံကိန်းကို
ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွက် စက်ချုပ်နည်း ပညာသင်တန်း၊ ဇမ္ဗူသီရိမြို့နယ်အတွက်
ရေခဲမုန့်နှင့် ဖျော်ရည်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း
ဖြစ်ကြောင်း၊ သင်တန်းဆင်းများထဲမှ သင်တန်းတစ်ခုလျှင် ထူးချွန်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်လုပ်ကိုင်မည့်သူ
ငါးဦးအား ရွေးချယ်ပြီး သင်တန်းနှင့် စပ်လျဉ်းသည့် စက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင်
ဖွင့်လှစ်မည့် စက်ချုပ်နည်းပညာသင်တန်းကို အခြေခံရက် ၃၀ နှင့် မွမ်းမံ ၁၅ ရက် စုစုပေါင်း
၄၅ ရက်၊ ဇမ္ဗူသီရိ မြို့နယ်တွင် ဖွင့်လှစ်မည့် စားသောက်ကုန်သင်တန်းကို အခြေခံ ခုနစ်ရက်နှင့်
မွမ်းမံ ခုနစ်ရက် စုစုပေါင်း ၁၄ ရက်ဖြင့် ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)

No comments