ကြံခင်းမြို့၌ လူမှုဖူလုံရေးအကျိုးခံစားခွင့် ထုတ်ပေး
ကြံခင်း ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်
အမှတ်(၃၂)အကြီးစားစက်ရုံ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင်
အကျုံးဝင် မှတ်ပုံတင်ထားသည့် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမားတစ်ဦး၏
မိသားစုအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနားကို
ပြုလုပ်သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ
တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကြောင်းအရာများကို
ရှင်းလင်းပြောကြားပြီး လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် သေဆုံးသွားသော အမှတ်(၃၂) အကြီးစားစက်ရုံမှ
အာမခံ အလုပ်သမား ဦးမျိုးဝင်း၏ ကျန်ရစ်သူဇနီး ဒေါ်နှင်းဝေပိုင်ထံသို့ ငွေလုံးငွေရင်း
အကျိုးခံစားခွင့် ငွေကျပ် ၁၀၈ သိန်းနှင့် မြန်အောင်မြို့ ရောင်နီအရက်ချက်စက်ရုံမှ အာမခံအလုပ်သမား
ဦးဇော်ဇင်စိုး၏ ဆေးဖိုးကုန်ကျငွေကျပ် ၁၈၀၀၅၄၀ တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)

No comments