ကမာရွတ်ခရိုင်တရားရုံးသို့ ဥပဒေကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ
ရန်ကုန် ဇန်နဝါရီ ၂၇
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာမများနှင့်
မဟာအရည်အချင်းစစ် သင်တန်းနှင့် ပဉ္စမနှစ်သင်တန်းမှ ဥပဒေ ကျောင်းသား ကျောင်းသူ ၃၀ သည်
ယနေ့နံနက်ပိုင်းတွင် ကမာရွတ် ခရိုင်တရားရုံးသို့ လေ့လာရေးခရီး လာရောက်ရာ ခရိုင်တရားသူကြီး
ရုံးခန်းတွင် ခရိုင်တရားသူကြီး ဦးဇော်မင်းထွဋ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး
တွဲဖက်ခရိုင်တရားသူကြီး ဒေါ်စန်းသိင်္ဂီက တရားစီရင်ရေးလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို
ရှင်းလင်းဆွေးနွေး၍ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တွဲဖက်ခရိုင်တရားသူကြီးများနှင့်
ဒုတိယခရိုင်တရားသူကြီးများက ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် လေ့လာရေး လာရောက်သည့် ဆရာမများအား
ကမာရွတ်ခရိုင် တရားရုံးက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကျောင်းသား ကျောင်းသူများက
ခရိုင်တရားရုံးရှိ တရားခွင်များတွင် ရာဇဝတ်မှုများ၊ တရားမမှုများ ကြားနာစစ်ဆေးနေခြင်းများကို
လက်တွေ့လေ့လာခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)

No comments