ပုသိမ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လမ်း/တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 



ပုသိမ်  ဇန်နဝါရီ  ၂၇


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်သော ရွှေမြင်တင် ကျောင်းလမ်းကတ္တရာခင်းခြင်း (၀/၅.၅မိုင် x ၁၂ပေ x ၉လက်မ) လုပ်ငန်းအား တာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။


ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းက ကတ္တရာခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။            


မေချို

No comments

Powered by Blogger.