ပြင်သစ်၌ စေတနာအလျောက် စစ်မှုထမ်းရန် လူငယ်များကို ခေါ်ယူ



ပါရီ   ဇန်နဝါရီ   ၁၃

ပြင်သစ်နိုင်ငံတွင်   စေတနာအလျောက်  စစ်မှုထမ်းရန် လူငယ်များကို ခေါ်ယူစုဆောင်းသည့်  စည်းရုံးလှုံ့ဆော်မှုတစ်ခုကို  ဇန်နဝါရီ  ၁၂  ရက်က ပြုလုပ်ခဲ့သည်။

အထူးသဖြင့် အသက် ၁၈ နှစ်နှင့်   ၁၉   နှစ်အရွယ်ရှိ   လူငယ်နိုင်ငံသားများကို    ဦးတည်ချက် ထားသည့်  အဆိုပါအစီအစဉ်ကို ယခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံသည် အမျိုးသား ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ရန် ဆန္ဒပြင်းပြလျက်ရှိသည်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီး ကက်သရင်းဗော်ထရင်းက ပြင်သစ်လူငယ်များသည် တာဝန် ထမ်းဆောင်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

လူငယ်မျိုးဆက်သစ်များသည် နိုင်ငံအတွက်  မားမားမတ်မတ်ရပ်တည်ရန်  အဆင်သင့်ဖြစ်နေ ကြောင်းနှင့် ပြင်သစ်တပ်မတော်သည် အဆိုပါဆန္ဒအတွက် သဘာဝစွမ်းရည်ကို ပြသရန်  ထွက်ပေါက်ဖြစ်နေကြောင်း ၎င်းက    ဆက်လက်ပြောကြားခဲ့သည်။

စစ်မှုထမ်းလူငယ်များကို အခြားနိုင်ငံများသို့  တပ်ဖြန့်ချထားမည်မဟုတ်ဘဲ ဒေသတွင်းနှင့် ရေမြေခြား     ပြင်သစ်ပိုင်နက် နယ်မြေများပေါ်တွင် ၁၀ လတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို စစ်မှုထမ်းလူငယ်   ၃၀၀၀ ဖြင့် ယခုနှစ်တွင် စတင်မည်ဖြစ်သည်။ ၂၀၃၅  ခုနှစ် မတိုင်မီ စစ်မှုထမ်း လူငယ် ၄၀၀၀၀ အထိ တဖြည်းဖြည်းချင်း တိုးတက်မှုရှိအောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

အခြားဥရောပနိုင်ငံများသည်လည်း   ၎င်းတို့၏   ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်လျက်ရှိသည်။

ဆန္ဒအလျောက် စစ်မှုထမ်းခြင်းမပြုလုပ်လိုပါက မသင်မနေရ စစ်မှုထမ်းခြင်းအား ပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်   ဥပဒေများကို မကြာသေးမီကမှ   အသက်ဝင်စေမည့် ဥပဒေတစ်ရပ်ကို ဂျာမနီက စတင်ခဲ့သည်။ အလားတူ   ခရိုအေးရှားသည် ယခုနှစ်အတွင်း  မဖြစ်မနေ    စစ်မှုထမ်းရန် ဆုံးဖြတ်ခဲ့သည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.