ဂါဇာဒေသ၌ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီးနောက် သေဆုံးသည့်ကလေးငယ် ၁၀၀ ကျော်ရှိဟုဆို



ဂါဇာ   ဇန်နဝါရီ   ၁၃

၂၀၂၅ ခုနှစ် အောက်တိုဘာလက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စတင်အသက်ဝင်ပြီးနောက် ဂါဇာ ကမ်းမြောင်တွင် သေဆုံးသည့် ကလေးသူငယ်ပေါင်း ၁၀၀ ကျော်ရှိကြောင်း ဇန်နဝါရီ ၁၃ ရက်က ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီးနောက်   ဂါဇာကမ်းမြောင်၌ ယောကျ်ားလေး ၆၀ နှင့် မိန်းကလေး ၄၀  ထက်မနည်း   သေဆုံးမှုဖြစ်ပွားကြောင်း   ဂါဇာဒေသမှ   ဗီဒီယိုချိတ်ဆက်မှုမှတစ်ဆင့်   ပြုလုပ်သည့် ကုလသမဂ္ဂသတင်းစာရှင်းလင်းပွဲတွင် ဂျိမ်းစ်အယ်ဒါက သတင်းထောက်များကို ပြောသည်။

အသက်ဘေးမှလွတ်ပြီဟု  အာမခံချက်အပြည့်အဝ မရရှိသေးကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလအတွင်း ဗုံးကြဲမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ လျော့နည်းသွားသော်လည်း လုံးဝ ရပ်တန့်သွားခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ   ကိန်းကဏန်းများမှာ    ခိုင်လုံသော အထောက်အထားများနှင့် အသေးစိတ်အချက်အလက် များ ရရှိထားသည့်ဖြစ်စဉ်များကိုသာ  ထည့်တွက်ထားခြင်းဖြစ်ပြီး   အမှန်တကယ်  အရေအတွက်မှာ ယင်းပမာဏထက် ပိုမိုများပြားနိုင်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် ကလေးသူငယ်အရေအတွက်မှာ လည်း ရာနှင့်ချီရှိကြောင်း အယ်ဒါက ပြောသည်။                                                                                                                

ဆင်ဟွာ

No comments

Powered by Blogger.