လွိုင်လင်မြို့နယ်၌ ဘိန်းစိုက်ခင်းများကို ဒုတိယအကြိမ် ဆက်လက်ဖျက်ဆီး
လွိုင်လင် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်
ပင်လုံ-ကျောက် တန်း - ဟိုပုံး ကားလမ်းအနီးနှင့် ပင်လုံမြို့အနောက်ဘက်တောင်ကုန်း၊ တောင်စောင်း၊
များ၌စိုက်ပျိုးထားသော ဘိန်းစိုက်ခင်းများကို ဇန်နဝါရီ ၁၃ ရက် နှင့် ၁၄ ရက်တို့တွင်
ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့ နှစ်ဖွဲ့ခွဲ၍ ဒုတိယအကြိမ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဘိန်းစိုက်ဧက
၂၃၂ ဧကကို ဖျက်ဆီးနိုင်ခဲ့သည်။
ထိုသို့ ဘိန်းစိုက်ခင်းများ ဖျက်ဆီးရာတွင်
လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် ဦးစီးသည့် တပ်မတော်သားများ၊ မူးယစ်ဆေးဝါး
တာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ကျော်စိန်ဝင်း၊ ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး
သောင်းအေးနှင့် လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး မိုးညွန့်ထွန်း
ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပလကဖအဖွဲ့များက
ပင်လုံ-ကျောက်တန်း - ဟိုပုံးမြို့ ကားလမ်းမအနီး၌ စိုက်ပျိုးထားသော အမြင့် သုံးပေခန့်ရှိ
သီးပွင့်ဆဲဘိန်းစိုက်ခင်းများကိုလည်းကောင်း၊ ထို့အတူ
မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ထွန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့က ပင်လုံမြို့
အနောက်ဘက် တောင်ကုန်း၊ တောင်စောင်းများ၊ လျှိုမြောင်များ၌ စိုက်ပျိုးထားသော အမြင့်သုံးပေခန့်ရှိ
သီးပွင့်ဆဲဘိန်းစိုက်ခင်းများကို ဒုတိယအကြိမ်အဖြစ် သွားရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments