သန်လျင်မြို့နယ် လုမ္ဗိနီဘိုးဘွားရိပ်သာသို့ ဆန်၊ ဆီ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေပဒေသာပင် လှူဒါန်း

 



ရန်ကုန် ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး၊ အစိုးရအဖွဲ့ဝင် မိသားစုများနှင့် အမျိုးသမီးကော်မတီဝင်များ၊ အလှူရှင်များစုပေါင်း၍ သန်လျင်မြို့နယ် လုမ္ဗိနီဘိုးဘွားရိပ်သာသို့ ဆန်၊ဆီ၊ အသုံးအဆောင် ပစ္စည်းများနှင့် ငွေပဒေသာပင်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပသည်။

အဆိုပါ လှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီးနှင့် တက်ရောက် လာကြသူများက ဆန်၊ဆီ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေပဒေသာပင်များကို ရိပ်သာအမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးအေးကြူနှင့် အဖွဲ့ဝင်များထံ ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် လုမ္ဗိနီဘိုးဘွားရိပ်သာ အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးအေးကြူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယနေ့လှူဒါန်းမှုတွင် ဆန်၊ဆီ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေပဒေသာပင် စုစုပေါင်း ငွေကျပ် ၁၄၅ သိန်းကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။  

သန်းဝင်း(သန်လျင်)

No comments

Powered by Blogger.