ဇမ္ဗူသီရိမြို့နယ်၌ သန့်ရှင်းရေးဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

 


ဇမ္ဗူသီရိ ဇန်နဝါရီ ၁၃

 

နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် သံလွင်လမ်း၊ ရွှေဇမ္ဗူလမ်း၊ သော်ကလမ်းနှင့် ဘောဂသိဒ္ဓိရပ်ကွက်၊ သုခသီတာလမ်းဘေး ဝဲ/ယာတစ်လျှောက် ထွန်စက်၊ မြက်ဖြတ်စက်များဖြင့် ချုံနွယ်များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် အောင်နန်းမင်္ဂလာလမ်း ကွန်ကရစ်လမ်းသား နိမ့်ကျပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်းနှင့် ရန်မျိုးသန့်စင်လမ်း ပျက်စီးမှုပြုပြင်ခြင်း၊ ကျောက်ရောမြေခင်းခြင်း၊ ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း၊ ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် GTI ကျောင်းအနီးရှိ သီရိမြိုင်လမ်းတွင် မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း၊ ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိ ရပ်ကွက်ရတနာအောင်မြေလမ်းတွင် Box Culvert ပြုလုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နီလာ(ပြန်/ဆက်)

No comments

Powered by Blogger.