ပေါင်းတည်မြို့နယ်၌ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံ နေထိုင်နိုင်ရေး အသိပညာမြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်
ပေါင်းတည် ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌
အများပြည်သူများအကြား ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံနေထိုင်နိုင်ရေး အသိပညာမြှင့်တင်ရေး
လှုပ်ရှားမှုများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က
စတင်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ကြသည်။
ထိုသို့ လှုပ်ရှားဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းချစ် ဦးဆောင်၍ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့်
ပူးပေါင်းကာ ကိုယ်အလေးချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ BMI(ခန္ဓာကိုယ် အလေးချိန် အညွှန်းကိန်း)
တွက်ချက်ပေးခြင်း၊ အသိပညာပေး ဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ရွှေသား(IPRD)

No comments