ပေါက်ခေါင်းမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး

 


ပေါက်ခေါင်း ဇန်နဝါရီ ၁၃

 

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက ဝက်တိုးကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသော်မော်ခန့်က မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများအား မြို့နယ်သစ်တောဦးစီးဌာနမှ စွမ်းအားမြင့်မီးဖို ၁၃၀ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)

No comments

Powered by Blogger.